ဒဂုံမြောက် မတ် ၁၉
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များထပ်ဆင့်လှူဒါန်းပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။
အဆိုပါ စာအုပ်များထပ်ဆင့် လှူဒါန်းပွဲတွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မြင့်မြင့်ရီက စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ကြီးကြပ်မှုကော်မတီမှ သင်တန်းများဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းများလည်း ပို့ချပေးလျက်ရှိကြောင်း၊ သင်တန်းများမှ နည်းစနစ်များအတိုင်း ဆောင်ရွက်သွားကြရန်လိုအပ်ပြီး စာကြည့်တိုက်လုပ်ငန်းသည် ပရဟိတဆောင်ရွက်ရခြင်းဖြစ်၍ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်တို့ကိုဆွေးနွေးပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှလှူဒါန်းသည့် စာအုပ်များကို ရပ်ကွက်စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
မြင့်မြင့်ရီ