ကျောက်တံတား မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်ရုံး Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ကလေးများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပြိုင်ပွဲများဆောင်ရွက်ပေးခဲ့သည်။
ကလေးများ လူအများရှေ့တွင် ပြောရဲ၊ ဆိုရဲရှိစေရန်ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဦးနှောက်စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ဘယ်ခြေညာလက်ကစားခြင်းပြိုင်ပွဲကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ကျောက်တံတားမြို့နယ်ရုံးအနေဖြင့် ကလေးများ ငယ်စဥ်အခါမှ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာကြည့်တိုက်အား အသုံးချတတ်စေရန် သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း၊ ကွန်ပျူတာများအခမဲ့အသုံးပြုခွင့်ပေးထားခြင်းအပြင် ပြိုင်ပွဲများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)