ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ကလေးစာဖတ်ခန်းတွင် ကလေးငယ်များအား ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြောခြင်းနှင့် ဂိမ်းကစားခြင်း၊ လှုပ်ရှားမှုများ ဆောင်ရွက်

ဒဂုံမြောက် မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် ကာယ၊ ဉာဏစွမ်းရည်တိုးတက်‌ကောင်းမွန်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြောခြင်း၊ ဉာဏ်စမ်းဂိမ်းကစားခြင်းနှင့် ဘယ်ခြေညာလက်ကစားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကလေးစာဖတ်ခန်း‌တွင် ဆောင်ရွက်မှုများအား ကျောင်းသား/ကျောင်းသူ ကလေးငယ်များပျော်ရွှင်စွာ ပါဝင်ခဲ့ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပပ (ပြန်/ဆက်)