ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိ

ဒဂုံမြောက် မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သော ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချစေပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သန်းသန်းနွယ်မှ ပြောကြားခဲ့သည်။

ယခုနှစ် နွေရာသီအားကစားသင်တန်းတွင် မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ ဖူဆယ်စသည့် အားကစားနည်း (၃) မျိုးကို မတ်လ ၁ ရက်နေ့မှစတင်၍ ၃ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းသားဦးရေ (၁၅) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ