ချမ်းအေးသာစံ မတ် ၁၉
မန္တလေးမြို့တွင် ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ကိုရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များနှင့် စည်းကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး မင်္ဂလာမန္တလေးလမ်းလျှောက်သင်္ကြန် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခြင်းကို မတ်လ(၁၈)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများအား မင်္ဂလာမန္တလေးမှ တာဝန်ရှိသူများက မြို့သူမြို့သားများ စိတ်ချမ်းမြေ့စွာဖြင့် အေးချမ်းစွာပျော်ရွှင်ဆင်နွှဲနိုင်ရန် မင်္ဂလာမန္တလေး လမ်းလျှောက်သင်္ကြန်ကို မြန်မာ့ရိုးရာဓလေ့တို့နှင့်အညီ မြန်မာ့ယဉ်ကျေး မှုများကိုဖော်ကြူးကျင်းပသွားမည့်လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ပြည်သူအားလုံးအေးချမ်းပျော်ရွှင်ကြည်နူးစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးသတိ၊ လုံခြုံရေးအသိ လစ်ဟာမှုမဖြစ်ပေါ်စေရေးအလေးထားကာ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီးနောက် ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်