အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်း နည်းပြဆရာသင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန် မတ်လ ၁

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော အန္တရာယ်ဖြစ်နိုင်ခြေသိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း နည်းပြဆရာသင်တန်းဖွင့်ပွဲကို မတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel တွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Weapon Contamination Coordinator Mr.Rory McCann က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲသို့အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များဖြစ်သည့် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်နှင့် ဦးကျော်မိုးကြည်၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် ကြက်ခြေနီဝန်ထမ်းများ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းကို မတ်လ (၁၇) ရက်နေ့မှ မတ်လ (၂၁) ရက်နေ့အထိ (၅) ရက်ကြာပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့် (ပြန်/ဆက်)