အလုံ မတ် ၁၉
အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိမွန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် သင်တန်းနည်းပြဆရာ ဦးနေမင်းက သင်တန်းတွင်သင်ကြားပေးမည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့၀င်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၀င်များက ကျောင်းသား၊ ကျောင်းသူများအတွက် A4 စာရွက်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါသင်တန်းသည် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာကြည့်တိုက်သို့ ၀င်ထွက်သွားလာတတ်သည့် အလေ့အကျင့်များရရှိပြီး အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ သင်တန်းအား ၁၇-၃-၂၀၂၅ ရက်နေ့မှ ၂၈-၃-၂၀၂၅ ရက်ထိ ၁၁ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့၀င် (၂) ဦးအောင်စိုး၊ Book Club အဖွဲ့၀င်များ၊ အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၀င်များ၊ အလုံမြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူစုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး နံရံကပ်စာစောင်များနှင့် သုတ/ ရသ စာအုပ်၊ စာစောင်များကိုလည်း ပြသခဲ့ကြောင်း သိရသည်။
ယောဧရာ (ပြန်/ဆက်)