မှော်ဘီမြို့နယ်၌ မရှိ၍ မလင်းသူ မရှိစေရအစီအစဥ်ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းလာရောက်ကုသ

မှော်ဘီ မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ မျက်စိအနီးမှုန်ခြင်း၊ အဝေးမှုန်ခြင်းနှင့် မျက်စိနှင့်ပတ်သက်၍ ရောဂါဝေဒနာခံစားနေရသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောက်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မရှိ၍ မလင်းသူ မရှိစေရအစီအစဥ်ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းလာရောက်ကုသပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မျက်စိအမြင်တိုင်းတာ၍ မျက်မှန်လိုအပ်သူများအား မျက်မှန်တပ်ဆင်ပေးခြင်း၊ ခွဲစိတ်ကုသရန်လိုအပ်သည့် လူနာများရှိပါကလည်း ခွဲစိတ်ကုသနိုင်ရန် ဆေးရုံကြီးသို့ အခမဲ့လွှဲပြောင်းပို့ဆောင်ပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ရာ မှော်ဘီမြို့နယ်၌ မျက်စိလာရောက်ပြသသူ (၂၀၅) ဦးအနက် မျက်စိအတွင်းတိမ် (၃၇) ဦး၊ မျက်စဥ်းလိုအပ်သူ (၁၁) ဦး မျက်မှန်တပ်ဆင်ရန်လိုအပ်သူ (၈၈) ဦးအတွက် မျက်မှန် (၉၀) လက်ထောက်ပံ့ပေးအပ်ကာ လူနာ (၃) ဦးအား ပြည်သူ့ဆေးရုံကြီး ရန်ကုန်အနောက်ပိုင်းခရိုင်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါနယ်လှည်ကွင်းဆင်းကုသရေးအစီအစဥ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ကွင်းဆင်းသွားရောက်၍ အခမဲ့ကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)