ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲ (၃၀၀၉၈)ဧကနှင့် ပဲစင်းငုံ (၁၄၈၃) ဧက စိုက်ပျိုးနိုင်ခဲ့

ကျောက်ဆည် မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဒေသအတွင်း ပဲမျိုးစုံ ဖူလုံပိုလျှံရေး တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ကုလားပဲ (၃၀၀၉၈) ဧကနှင့် ပဲစင်းငုံ(၁၄၈၃)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ကုလားပဲသီးနှံနှင့် ပဲစင်းငုံသီးနှံများကို ဆောင်းရာသီတွင် အဓိကထား စိုက်ပျိုးကြကြောင်းနှင့် ကုလားပဲသီးနှံ (၃၀၀၉၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှ (၁၈.၅၀) တင်း၊ စုစုပေါင်း (၂၁၃၄၉)တင်း ထွက်ရှိကြောင်းနှင့် ပဲစင်းငုံသီးနှံ (၁၄၈၃)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှ (၁၇.၅၀)တင်း၊ စုစုပေါင်း(၂၅၉၅၃)တင်းထွက်ရှိကြောင်း သိရသည်။

ပဲသီးနှံမျိုးစုံ စိုက်ပျိုးရာတွင် အောင်မြင်ရေး ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့များ၊ စိုက်နည်းစနစ်များ၊ အပင်ပြုစုပျိုးထောင်ရိတ်သိမ်းခြင်းများ စနစ်တကျ စိုက်ပျိုးနိုင်ရေး တောင်သူများအား အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)