အလုံ မတ် ၁၈
အလုံမြို့နယ်၌ ပြည်သူများကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသည်းရောင်အသားဝါ (အေ) ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိမွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမဒေါ်သက်နွယ်လင်းနှင့် ဒေါ်ဂျူဂျူချစ်လှိုင်တို့က အသည်းရောင်အသည်းဝါ (အေ) ရောဂါ၏ လက္ခဏာများ၊ ကူးစက်တတ်ပုံများနှင့် ကာကွယ်ကုသနိုင်သော နည်းလမ်းများကို ဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားတွင် အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၀င်များ၊ ကလေးငယ်များနှင့် မိဘများ စုစုပေါင်း (၅၀) ဦးခန့် တတ်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ (ပြန်/ဆက်)