ပြည်ကြီးတံခွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ကလေးသူငယ်များ ဖွံ့ဖြိုးရေးအသင်းမှ စာအုပ်စာစောင်များ လာရောက်လှူဒါန်း

ပြည်ကြီးတံခွန် မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ကလေးသူငယ်များဖွံ့ဖြိုးရေးအသင်းမှ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က စာအုပ်စာစောင်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းရာတွင် ကလေးသူငယ်များဖွံ့ဖြိုးရေးအသင်းမှ ဒေါ်မြတ်မျိုးသန်းနှင့် အဖွဲ့ဝင်များက စာအုပ်စာပေများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမည့် လူငယ်/ရွယ်များ၊ ကလေးသူငယ်များအနေဖြင့် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ “ကလေးသူငယ်များအား နာကျင်အရှက်ရစေသော ပြစ်ဒဏ်ပေးခြင်းများ ရှောင်ရှားကာ မေတ္တာဖြင့်သာ ပျိုးထောင်ပါ စာအုပ်ခေါင်းစဉ်ဖြင့် (၂၄၀၀)အုပ်၊ မိဘပညာပေးလမ်းညွှန်စာအုပ် ခေါင်းစဉ်ဖြင့် (၁၂၉)အုပ်၊ ကလေးများ ပါဝင်ဆောင်ရွက်မှုတွင် ကျင့်သုံးရမည့် စံချိန်စံညွှန်များ စာအုပ် ခေါင်းစဉ်ဖြင့် (၂၀၀)အုပ်၊ ကလေးများလက်စွဲစာအုပ် ခေါင်းစဉ်ဖြင့် (၂၂၀)အုပ်၊ ကလေးဗဟိုပြုသော လူမှုအခြေပြုဝန်ခံမှုများ စာအုပ်ခေါင်းစဉ်ဖြင့် (၁၀၀)အုပ်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် စာအုပ်ခေါင်းစဉ်ဖြင့် (၁၄၀)အုပ်၊ English ရုပ်ပြမျိုးစုံစာအုပ်(၁၁၅)အုပ်၊ ရုပ်ပြမျိုးစုံ (၁၉)အုပ်နှင့် သုတမျိုုးစုံ စာအုပ်(၅၀)အုပ်”စာအုပ်စာစောင်ရေစုစုပေါင်း(၃၃၇၃)အုပ်တို့အား လာရောက်လှူဒါန်းခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး  ဒေါ်မြင့်မြင့်သန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူနှင့် ဦးစီးအရာရှိ ဒေါ်ခင်စောလွင်တို့က  လက်ခံရယူခဲ့ကြောင်း သိရသည်။

ခင်စောလွင် (ပြန်/ဆက်)