တိုက်ကြီး မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းက စတင်ဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူ (၁၃၉၃) ဦး ဝင်ရောက်ဖြေဆိုကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
တိုက်ကြီးမြို့နယ်တွင် စာစစ်ဌာန (၅)ခုဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး)၊ အခြေခံပညာအထက်တန်းကျောင်း (ဥက္ကံ)၊ အခြေခံပညာအထက်တန်းကျောင်း(ဖလုံ)၊ အခြေခံပညာအထက်တန်းကျောင်း (တော်လတီ)နှင့် အခြေခံပညာအထက်တန်းကျောင်း (အဖျောက်) စာစစ်ဌာနတို့၌ စာရင်းရှိ ကျောင်းသား(၆၆၂)ဦး ကျောင်းသူ(၈၀၈)ဦး စုစုပေါင်း (၁၄၇၀)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၆၁၂)ဦး၊ ကျောင်းသူ(၇၈၁)ဦး စုစုပေါင်း(၁၃၉၃)ဦးရှိသည်။ စာမေးပွဲဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား(၅၀)ဦး၊ ကျောင်းသူ(၂၇)ဦး စုစုပေါင်း(၇၇)ဦးရှိသဖြင့် ဖြေဆိုသူ ရာခိုင်နှုန်း (၉၄.၇၆) ဖြစ်ပြီး ပျက်ကွက်သူ ရာခိုင်နှုန်း (၅.၂၄) ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)