ကမာရွတ် မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးတက်ပွားများစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက် (၁၀) အချိန်ကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထိုသို့သင်တန်းဖွင့်လှစ်ရာတွင် သင်တန်းဆရာမ ဒေါ်နီနီဝင်းထွဋ်က သင်တန်းတွင် ပန်းချီရေးဆွဲသည့် မျဉ်းကွေး၊ မျဉ်းဖြောင့်၊ မတ်မျဉ်း၊ စက်ဝိုင်းပုံ၊ တြိဂံပုံ စသည့်တို့ဖြင့် အခြေခံတည်ဆောက်ရေးဆွဲမည့် အကြောင်းအရာများနှင့် ပတ်သက်၍ စာတွေ့ လက်တွေ့ ပို့ချသင်ကြားခဲ့သည်။
အဆိုပါပန်းချီရေးဆွဲနည်းအခြေခံသင်တန်းကို မတ်လ ၁၇ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာသင်တန်းသို့ ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅) ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို မတ်လ ၁၀ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ နံနက် (၁၀) နာရီမှ (၁၂) နာရီအထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး ဆက်လက်၍လည်း အခြေခံအင်္ဂလိပ်စာသင်တန်းကို ဆက်လက်ဖွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)