ဝမ်းတွင်း မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ စာစစ်ဌာနအသီးသီးတွင် ၂ဝ၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်မှစတင်၍ တစ်ပြိုင်တည်း အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ အ.ထ.က (ဝမ်းတွင်း)၊ အ.ထ.က (ဒိုင်ကောင်းကုန်း)၊ အ.ထ.က(ပင်းတလဲ) စသည့် စာစစ်ဌာန(၃)ခု ထားရှိပြီး အ.ထ.က(ဝမ်းတွင်း) စာစစ်ဌာနတွင် စာရင်းရှိ (၅၈၀) ဦး၊ ဖြေဆိုသူ(၅၇၀)ဦး၊ ပျက်ကွက်(၁၀)ဦး၊ အ.ထ.က (ဒိုင်ကောင်းကုန်း) တွင် စာရင်းရှိ (၃၁၉) ဦး၊ ဖြေဆိုသူ(၃၁၆)ဦး၊ ပျက်ကွက်(၃)ဦး၊ အ.ထ.က (ပင်းတလဲ) တွင် စာရင်းရှိ (၂၃၁) ဦး၊ ဖြေဆိုသူ (၂၂၆)ဦး ၊ ပျက်ကွက်(၅)ဦး ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်ရှိ စာစစ်ဌာန(၃)ခုတွင် စာရင်းရှိကျား(၄၆၃) ဦး၊ မ(၆၆၇)ဦး၊ စုစုပေါင်း (၁၁၃၀)ဦး ရှိပြီး လာရောက်ဖြေဆိုသူ ကျား (၄၅၀)ဦး၊ မ(၆၆၂)ဦး စုစုပေါင်း(၁၁၁၂)ဦး၊ ပျက်ကွက်သူကျား (၁၃)ဦး၊ မ(၅)ဦးစုစုပေါင်း(၁၈)ဦးရှိ၍ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၈.၄၁%)ရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲအား စိတ်အေးချမ်းစွာ ဖြေဆိုနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)