အမရပူရ မတ် ၁၇
အမရပူရခရိုင်၊ အမရပူရမြို့တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မြန်မာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စာဖြေဌာနများဖြစ်သည့် အမရပူရမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းနှင့် အမရပူရမြို့ နယ်နတ်ရေကန်ကျေးရွာအုပ်စုရှိ ယန္တယားအခြေခံပညာအထက်တန်းကျောင်းတို့၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုရန် စာရင်းရှိ ကျောင်းသား ၄၇၁ ဦး၊ ကျောင်းသူ ၃၇၄ ဦး စုစူပေါင်း ၈၄၅ ဦးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၄၀၇ ဦး၊ ကျောင်းသူ ၃၅၉ ဦး ဖြေဆိုပြီး ဖြေဆိုရန် ပျက်ကွက်သူ ကျား ၆၄ ဦး၊ မ ၁၅ ဦး စုစုပေါင်း ၇၉ ဦးရှိကြောင်း ပညာရေးဦးစီးဌာနမှ သိရသည်။
ယနေ့မြန်မာဘာရပ်ဖြေဆိုရာသို့ အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် အဖွဲ့ဝင်များ၊ အမရပူရမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စာဖြေဌာနများသို့ လိုက်လံကြည့်ရှုစစ်ဆေးအားပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)