တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား အ​အေးမိ၊ တုပ်​ကွေး၊ ဖျားနာခြင်းများ ကို ကာကွယ်နိုင်သည့် ဆေးလက်ဖက်ခြောက်ထုပ်များ ဖြန့်ဝေပေး

မန္တလေး ဒီဇင်ဘာ ၈

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများအား အ​အေးမိ၊ တုပ်​ကွေး၊ ဖျားနာခြင်းများကို ကာကွယ်နိုင်သည့် ဆေးလက်ဖက်ခြောက်ထုပ်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်၁၀နာရီက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၄၀)ရှိ တိုင်းရင်းဆေး တက္ကသိုလ်(မန္တလေး)တွင် ပြုလုပ်သည်။

တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)ရှိ ဆေးဝါး​ဗေဒဌာနမှ ဦးစီးထုတ်လုပ်သော အ​အေးမိ၊ တုပ်​ကွေး၊ ဖျားနာခြင်းများကို ကာကွယ်နိုင်သည့် ဆေးလက် ဖက်ခြောက်ထုပ်များကို ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် ဦးဝင်းဟန်(စီမံ)၊ ဒုတိယပါမောက္ခချုပ် ဦးဝင်းစိုး (သင်ကြား)၊ မော်ကွန်းထိန်း ဦးထွန်းမောင်တို့က ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများကို ဖြန့်ဝေပေးခဲ့ကြ ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)