ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို

ကျောက်ပန်းတောင်း မတ် ၁၇        

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာကို မတ်လ(၁၇)ရက်နေ့တွင် တစ်နိုင်ငံလုံး တစ်ပြိုင်နက် ကျင်းပလျက်ရှိရာ ကျောက်ပန်းတောင်းမြို့နယ်တွင် စာစစ်ဌာန(၄)ခု ဖွင့်လှစ်ထားရှိပြီး၊ အဆိုပါ စာစစ်ဌာနများတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၆၀၁)ဦး အေးချမ်းစွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် စာစစ်ဌာန (၄)ခု ဖွင့်လှစ်ထားရှိရာ၊ အမှတ်(၁)အ.ထ.က (ပင်မ)စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျား ၂၃၃ ဦး၊ မ ၃၆၇ ဦး၊ ပေါင်း ၆၀၀ ဦး ရှိသည့်အနက် ကျား ၂၁၈ ဦး၊ မ ၃၆၂ ဦး ပေါင်း ၅၈၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ အမှတ်(၁)အ.ထ.က (တိုးချဲ့) စာစစ်ဌာတွင် စာရင်းရှိ ကျား ၂၇၂ ဦး၊ မ ၃၇၈ ဦး ပေါင်း ၆၅၀ ဦး ရှိသည့် အနက်၊ ဖြေဆိုသူ ကျား ၂၆၇ ဦး၊ မ ၃၇၁ ဦး ပေါင်း ၆၃၈ ဦးရှိကြောင်းနှင့် အ.ထ.က(ပုပ္ပား) စာစစ်ဌာနတွင် စာရင်း ရှိ ကျား ၁၀၁ ၊ မ ၁၇၇ ဦး ပေါင်း ၂၇၈ ဦးအနက် ဖြေဆိုသူ ကျား ၉၇ ဦး၊ မ ၁၇၁ ဦး ပေါင်း ၂၆၈ ဦးရှိကြောင်းသိရပြီး၊ အ.ထ.က (လက်ပန်ပျား)တွင် စာရင်းရှိ ကျား ၄၁ ဦး၊ မ ၈၄ ဦး ပေါင်း ၁၂၅ ဦးအနက်၊ ဖြေဆိုသူ ကျား ၃၄ ဦး၊ မ ၈၁ ဦး ပေါင်း ၁၁၅ ဦး ရှိရာ တစ်မြို့နယ်လုံး အနေဖြင့် စာရင်းရှိ ကျား ၆၄၇ ဦး၊ မ ၁၀၀၆ ဦး ပေါင်း ၁၆၅၃ ဦးအနက်၊  ကျား ၆၁၆ ဦး၊ မ ၉၈၅ ဦး စုစုပေါင်း ၁၆၀၁ ဦး ဝင်ရောက် ဖြေဆိုကြရာ ဖြေဆိုမှု ရာခိုင်နှုန်း အနေဖြင့် ၉၆.၈၅ ရာနှုန်း ရှိကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများ စိတ်လက်အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ကြစေရန် အတွက်၊ သက်ဆိုင်ရာစာစစ်ဌာနအလိုက် တာဝန်ကျ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လုံခြုံရေး အဖွဲ့များက လိုအပ်သည့် လုံခြုံရေးများ ဆောင်ရွက်လျှက်ရှိရာ၊  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)