ဒဂုံအရှေ့ မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ စာစစ်ဌာန-၂ နေရာတို့၌ ကျောင်းသား၊ ကျောင်းသူများ အသီးသီးဖြေဆိုခဲ့ကြသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ယခုနှစ် စာမေးပွဲဖြေဆိုရာတွင် အ.ထ.က (၂) တွင် စာရင်းရှိ ကျောင်းသား (၂၄၈) ဦး၊ ကျောင်းသူ (၂၆၆) ဦး၊ စုစုပေါင်း (၅၁၄) ဦး ရှိပြီး၊ လာရောက်ဖြေဆိုသူ ကျောင်းသား (၂၂၁) ဦး၊ ကျောင်းသူ (၂၄၀) ဦး၊ စုစုပေါင်း (၄၆၁) ဦး၊ ပျက်ကွက် (၅၃) ဦး၊ အ.ထ.က (၅) တွင် စာရင်းရှိ ကျောင်းသား၊ (၁၈၈) ဦး၊ ကျောင်းသူ (၂၉၄) ဦး၊ စုစုပေါင်း (၄၈၂) ဦး ရှိပြီး၊ လာရောက်ဖြေဆိုသူ ကျောင်းသား (၁၈၁) ဦး၊ ကျောင်းသူ (၂၈၇) ဦး၊ ပျက်ကွက် (၁၄) ဦး၊ စုစုပေါင်း (၄၆၈) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ မြို့နယ်အတွင်း ဖြေဆိုသူပေါင်း (၉၂၉) ဦးရှိ၍ ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၂၇) ရာခိုင်နှုန်းရှိကာ၊ ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၇) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေးမဉ္ဇူ