ဇမ္ဗူသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၉၄ ဒသမ ၉၇ ရာခိုင်နှုန်း ဖြေဆို

ဇမ္ဗူသီရိ မတ် ၁၇

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုကြသည်။

ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇမ္ဗူသီရိမြို့နယ်တွင် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ခွဲ)၊ အ.လ.က(၃)နှင့် ခုတင် (၁၀၀၀)ဆေးရုံ စာစစ်ဌာနခြောက်ခု​တို့၌  ကျောင်းသား ၇၁၀ ဦး၊ ကျောင်းသူ ၈၂၁ ဦး စုစုပေါင်း ၁၅၃၁ ဦး စာရင်းပေးသွင်းထားပြီး ကျောင်းတွင်းနှင့် အပြင်ဖြေ ဖြေဆိုသူ ကျောင်းသား ၆၅၈ ဦး၊ ကျောင်းသူ ၇၉၆ ဦး စုစုပေါင်း ၁၄၅၄ ဦးတို့ ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၇ ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၄ ဒသမ ၉၇ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မ‌တော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)