ရမည်းသင်း မတ် ၁၇
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးနေလင်းစိုး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုးတို့သည် ယနေ့နံနက် ၇ နာရီခွဲအချိန်၌ ရမည်းသင်းမြို့နယ် မြင်းနားကျေးရွာအုပ်စု၊ ရွှေနန်းပေါ်ကျေးရွာရှိ အမှတ် (၃) စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း၊ အမှတ်စဥ် (၁၁) သင်တန်းဖွင့်ပွဲ တက်ရောက်အားပေးသည်။
ထို့နောက် သင်တန်းသားများအား အမှတ် (၃) စစ်အခြေခံလေ့ကျင့်ရေးတပ်ရှိ အောင်ချမ်းသာခန်းမတွင် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားကာ သင်တန်းသားများအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး သင်တန်းသားများနှင့်အတူ ကြာဇံဟင်းခါး သုံးဆောင်ခဲ့ပြီး သင်တန်းသားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၁၁) သင်တန်းဖွင့်ပွဲတွင် သင်တန်းသားအင်အား (၂၅၇) ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သင်တန်း သားများအတွက် တစ်ဦးလျှင် ၁ သောင်းကျပ်နှုန်းဖြင့် စားစရိတ်ငွေ ၂၅ သိန်း ၇ သောင်းကျပ် ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)