ဆိပ်ကြီးခနောင်တို မတ် ၁၇
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့စတင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင်လည်း ပထမနေ့ မြန်မာစာကို အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ခနောင်တို) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ စတင်ဖြေဆိုလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ၁၁၅ ဦး၊ ကျောင်းသူ ၁၂၂ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၃၇ ဦး စာရင်းပေးသွင်းထားပြီး ယနေ့လာရောက်ဖြေဆိုသူ ကျောင်းသား ၁၀၁ ဦး၊ ကျောင်းသူ ၁၀၇ ဦး စုစုပေါင်း ၂၀၈ ဦးရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်း ၈၇.၇၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)