စဉ့်ကိုင် မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အ.ထ.က (စဉ့်ကိုင်) စာစစ်ဌာနနှင့် အ.ထ.က (ပလိပ်) စာစစ်ဌာနများရှိ စာဖြေခန်းများ ပြင်ဆင်ထားရှိမှု အခြေအနေအား ယမန်နေ့ညနေ ၃:၃၀ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက စာမေးပွဲကာလအတွင်း ကျောင်းသား/ သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး လုံခြုံရေးချထားမှုအခြေအနေများ၊ မီးဘေးအန္တရာယ်လုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)(၃၉၉)