ချမ်းအေးသာစံ မတ် ၁၇
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၇) ရက်နေ့က စတင်ဖြေဆိုရာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ မြန်မာစာဘာသာရပ်တွင် (၁၅၄၀) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲစာဖြေဌာန (၃) ခုဖြင့် စစ်ဆေးခဲ့ရာ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနတွင် ကျောင်းသား (၂၄၆) ဦး၊ ကျောင်းသူ (၂၄၁) ဦး၊ အမှတ် (၁၄) အခြေခံ ပညာအထက်တန်းကျောင်း စာဖြေဌာနတွင် ကျောင်းသား (၂၀၈) ဦး၊ ကျောင်းသူ (၃၁၄) ဦး၊ အမှတ် (၁၆) အခြေခံပညာစာဖြေဌာနတွင် ကျောင်းသား (၂၄၀) ဦး ကျောင်သူ (၂၉၁) ဦး စုစုပေါင်း (၁၅၄၀) ဦး ဖြေဆိုခဲ့ပြီး စာဖြေဌာန (၃) ခုတွင် ဖြေဆိုရန် စာရင်းရှိ (၁၅၇၃) ဦးရှိရာ ကျောင်းသား (၁၇) ဦး ကျောင်းသူ (၁၆) ဦး စုစုပေါင်း (၃၃) ဦး ပျက်ကွက်သည်။
ချမ်းအေးသာစံမြို့နယ်တွင် အဆိုပါ စာဖြေဌာန (၃) ခုအပြင် မန္တလေးပြည်သူ့အထွေထွေရောဂါကုဆေးရုံကြီးတွင်လည်း စာဖြေဌာနကို ဖွင့်လှစ်ဆောင်ရွက်ထားရာ အောင်မြေသာစံမြို့နယ် အ.ထ.က (၂၀) မှ ကျောင်းသူတစ်ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်