ပင်းတယ မတ် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့နံနက် ၉ နာရီမှ စတင်၍ မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။
ပင်းတယမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် အတွင်းဖြေ ကျောင်းသား (၂၄၆) ဦး၊ ကျောင်းသူ (၃၈၄) ဦး စုစုပေါင်း (၆၃၀) ဦးနှင့် အပြင်ဖြေ ကျောင်းသား (၁၃) ဦး၊ ကျောင်းသူ (၁၉) ဦး စုစုပေါင်း (၃၂) ဦးဝင်ရောက်ဖြေဆိုရန် စာရေးပေးသွင်းထားပြီး စာစစ်ဌာန (၄) ခု ဖွင့်လှစ်၍ ဖြေဆိုစေခဲ့ရာ ကျောင်းသား (၂၅၀) ဦး၊ ကျောင်းသူ (၃၉၄) ဦး စုစုပေါင်း (၆၄၄) ဦး ဝင်ရောက်ဖြေဆိုကြကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား/ ကျောင်းသူ (၁၈) ဦးရှိကြောင်းနှင့် စာမေးပွဲဖြေဆိုနေစဉ်အတွင်း ကျောင်းသား/ကျောင်းသူများ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ တာဝန်ယူဆောင်ရွက်ပေးလျက် ရှိကြကြောင်း သိရသည်။
ရဲထက်ဦး(ပင်းတယ)