ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်

ညောင်ရွှေ မတ် ၁၇

ကျောင်းသားလူငယ်လေးများ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ပန်းချီအနုပညာကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် အနုပညာဖန်တီးနိုင်စွမ်း မြင့်မားလာစေရန်အတွက် နွေရာသီ အခြေခံပန်းချီသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားအတွင် ညောင်ရွှေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က သင်တန်းဖွင့်လှစ်ရခြင်းနှစ်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြဆရာ ဦးအောင်စိုးရ(အောင်သာပြူ)က သင်တန်းနှင်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၇၃)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ