မိုင်းယောင်း မတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(မိုင်းယောင်း)စာစစ်ဌာန၌ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ ၃၇ ဦးက မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်သူဦးရေမှာ ကျောင်းသား ၃ ဦး၊ ကျောင်းသူ ၂ ဦးဖြစ်ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တာဝန်ခံခရိုင်ပညာရေးမှူး ဦးနေသူဟန်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)