မိုင်းပျဉ်းမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မိုင်းပျဉ်း မတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ယနေ့နံနက်ပိုင်းမှစတင်၍ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့နံနက်ပိုင်းမှစတင်၍ တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ မိုင်းပျဉ်းမြို့နယ်၊ အ.ထ.က စာစစ်ဌာနတွင်လည်း မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုကြရာ ကျောင်းတွင်းဖြေဆိုသူ STEAMS-1(ဓ၊ရ၊ဇ) တွင်(၄)ဦး၊ STEAMS-2 တွင်(၂၃)ဦး၊ STEAMS-1(ပ၊သမ၊ဘဂ) တွင်(၃)ဦး၊ စုစုပေါင်း (၃၀) ဦးနှင့် ကျောင်းပြင်ပဖြေဆိုသူ STEAMS-2(ဓ၊ရ၊ဘဂ) တွင် (၄) ဦး၊ စုစုပေါင်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၃၄) ဦးရှိပြီး ပျက်ကွက်မရှိကြောင်း၊ အဆိုပါ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာ ပျော်ရွှင်စွာဖြင့်  စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့က လုံခြုံရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်သည်များတို့ကို အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။

နန်းသန္တာဦး(ပြန်/ဆက်)