မောက်မယ် မတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မောက်မယ်စာစစ်ဌာနမှ ကျောင်းသား၊ ကျောင်းသူများက ယနေ့မှစတင်၍ စတင်ဖြေဆိုကြောင်း သိရသည်။
မောက်မယ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)နှင့် အခြေခံပညာအထက်တန်းကျောင်း(ဥယာစန်း) စုစုပေါင်း ကျောင်း (၂)ကျောင်းတို့မှ အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)စာစစ်ဌာနတွင် (G-12)စာရင်းရှိ ကျောင်းသား/ကျောင်းသူ (၅၂)ဦးရှိပြီး ယနေ့တွင်လာရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၉)ဦးတို့က ယနေ့မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် အမှတ်(၁၃၂)ခြေလျင်တပ်ရင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့က မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ စာမေးပွဲဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)