ပင်းတယ မတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့ နံနက် ၈ နာရီက အခြေခံအင်္ဂလိပ်စာသင်တန်းကို စတင်ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ကျောင်းသား/ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်တွင် အသိပညာ၊ အတတ်ပညာများ ပိုမိုရရှိလာစေရန်နှင့် ယခုလို သင်တန်းတွင် ပို့ချပေးလိုက်သည့် သင်ခန်းစာများကို လက်တွေ့အကောင်ထည်ဖော်အသုံးချတတ်ကြစေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်ထံမှသိရပြီး ၎င်းသင်တန်းအား မတ်လ ၁၇ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် သင်တန်းသူ/သင်တန်းသား စုစုပေါင်း ၃၃ ဦး တက်ရောက်သင်ကြားနေကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)