ခိုလမ် မတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က အ.ထ.က (ခိုလမ်)စာစစ်ဌာနတွင် စတင်ဖြေဆိုလျက်ရှိပါသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၇)ရက်နေ့မှ မတ်လ(၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည့်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူစုစုပေါင်း (၉၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။
ထိုသို့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်စေရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်မိ၊ ရပ်ဖများမှ လုံခြုံရေးကိစ္စများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)