ပေါင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီ နေကြာဧက ( ၁၅၂၃ )  စိုက်ပျိုးပြီးစီး

ပေါင် မတ် ၁၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ (၁၅၂၃) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာ၌ နေကြာဧက (၁၅၂၀) စိုက်ပျိုးရန်လျာထားပြီး  ၂၀၂၄  ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးခဲ့ရာ  ယနေ့တွင် နေကြာဧက  (၁၅၂၃)   စိုက်ပျိုးပြီးစီးပြီဖြစ်သည်။ အဆိုပါနေကြာများ အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန် ဒေသခံတောင်သူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန   မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ဆောင်းသီးနှံနေကြာလျာထားချက် ကျော်လွန်အောင်မြင်ဖြစ်ထွန်း စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူနည်းပညာပေးရေးလုပ်ငန်များ ဆောင်ရွက်ပေးခြင်း၊ တောင်သူအချို့အနေဖြင့်လည်း မနှစ်ကစိုက်ပျိုးခဲ့သည့် အတွေ့အကြုံနှင့် လိုအပ်သည်များကို စိုက်ပျိုးရေးဦးစီးဌာနမှ ပေါင်းစပ်ပြီး စိုက်ပျိုးထားကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသည့်နေကြာများ တစ်ဧကချင်းစီအလိုက် အထွက်နှုန်းကောင်းစေရန်၊ အရည်အသွေးကောင်းနေကြာများ ထွက်ရှိစေရန်၊ မြေယာပြုပြင်ခြင်းလုပ်ငန်းများ၊ မြေဩဇာအသုံးပြုနည်းများ၊ ပိုးသတ်ဆေး အသုံးပြုနည်းများ၊ ရေအသုံးချမှုဆိုင်ရာများ၊ နေကြာမျိုးကောင်းမျိုးသန့် ရွေးချယ်နည်းများနှင့် စိုက်ပျိုးနည်းစနစ်များ  မှန်ကန်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)