နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဦးမြင့်စိုး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို ကြမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကွင်းဆင်း ဆောင်ရွက်

တပ်ကုန်း မတ် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျေင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဥတ္တရခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေးနှင့် ခရိုင်ပညာရေးမှူး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့်မြို့နယ်ပညာရေးမှူးတို့ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာနများအား ကွင်းဆင်းကြည့်ရှုခဲ့ရာ ခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်၊ မြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်နှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကြပ် တာဝန်ခံကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက စာဖြေခန်းပြင်ဆင်ထားရှိမှုများ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဦးမြင့်စိုးတို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးစွာဖြေဆိုနိုင်ရေး စာစစ်ဌာန ပတ်ဝန်းကျင် သန့်ရှင်သပ်ရပ်စေရေး၊ စာဖြေခန်းများအတွင်း လေဝင်၊ လေထွက်ကောင်းမွန်စေ ရေး၊ အလင်းရောင်ကောင်းမွန်စွာရရှိစေရေး၊ မီးလန့်မှုမပေါ် စေရေး၊ အေးချမ်းလုံခြုံရေးတို့ကို ဆွေးနွေးမှာကြားခဲ့ပြီးနောက် စာဖြေခန်းများ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဒယောက်ကူးကျေးရွာ၊ ကွင်း အမှတ်(၁၃၉၇)ကွင်း၊ ရာဂီမုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် တုံးဖုံး နုန်းဖုံး လယ်ယာမြေများအတွင်း  မိုးသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေး ရှင်းလင်းဆောင်ရွက်နေမှုများအား ကြည့်ရှု့စစ်ဆေးခဲ့ ပြီး၊ ကံကြီးမွေးမြူရေးဇုန်အတွင်းရှိ ဒေါ်ခင်ဆွေဦး(Light) အသားတိုးကြက် မွေးမြူရေးခြံပတ်ဝန်းကျင်တွင် မီးတားလမ်းဖောက်လုပ်နေမှု၊ ဦးတွမ်ခင်ဝင်း(Fun Hwa) နို့စားနွားမွေးမြူရေးခြံ တွင် လုပ်ငန်းတိုးချဲ့နေမှုနှင့် မီးတားလမ်းဖောက်လုပ်နေမှုတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ပြီးနောက်(Fun Hwa)မွေးမြူရေးခြံ ယာယီရှင်းလင်းဆောင်တွင် သက်ဆိုင်ရာဌာနများ၊ ကံကြီးမွေးမြူရေးဇုန်အတွင်းရေးမှူးတို့အားတွေ့ဆုံ၍ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)