မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေး

မော်လမြိုင် မတ် ၁၆

မွန်ပြည်နယ်အတွင်း မြို့နယ်များအားလုံးတွင် သန့်ရှင်း၍ သာယာလှပြီး မြို့အင်္ဂါရပ်များနှင့် ကိုက်ညီစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်၊ တောင်ဝိုင်းတစ်‌လျှောက်နှင့် မော်လမြိုင်လေဆိပ် အနီးပတ်ဝန်းကျင်တွင် သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြို့သန့်ရှင်း၊ သပ်ရပ်‌သာယာလှပရေးနှင့် အများပြည်သူများ စိမ့်အေးချမ်းမြေ့မှုရှိစေရေး ဆောင်ရွက်ပေးကြရန်နှင့် စည်းကမ်းမဲ့ အမှိုက်များစွန့်ပစ်မှုမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ တောင်ဝိုင်းလမ်းလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ခဲ့ပြီး သန့်ရှင်းသာယာလှပမှုရှိစေရေး၊ အမှိုက်များမရှိစေရေးနှင့် မော်လမြိုင်လေဆိပ် အနီးပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုရှိစေရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် မြို့သန့်ရှင်းသာယာလှပမှုရှိစေရေး၊ စွန့်ပစ်အမှိုက်များ ကင်းရှင်းစေရေး စုပေါင်းသန့်ရှင်းရေးကို ရပ်ကွက်နေပြည်သူများမှလည်း ပူးပေါင်းပါဝင်၍ အပတ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)