ကော့မှူးတွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ကော့မှူး မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်အတွင်းရှိ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်များမှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များသို့ ယူနီ ဖောင်း၊ ဆန်နှင့်ဆီများ ချီးမြှင့်‌ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့သစ်ရပ်ကွက် မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ယူနီဖောင်း၊ ဆန်နှင့် ဆီများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအတွက် ယူနီဖောင်းများ မိသားစုများအတွက် ဆန်နှင့်ဆီများ ပေးအပ်ရာ မြို့နယ်များမှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်များက လက်ခံရယူကြပြီး ကော့မှူးမြို့နယ် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့မှ တပ်စုမှူး ဦးသက်နိုင်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ဝင်များကို အားပေးစကား ပြောကြား၍ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)