ရန်ကုန်တိုင်းဒေသကြီး၏ (၂၀၂၅)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဗဟန်း  မတ်  ၁၅

ရန်ကုန်တိုင်းဒေသကြီးအတွင်း(၂၀၂၅)ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနိူင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရီရတနာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်က ရန်ကုန်တိုင်းအတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က တိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှားကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့်စာစစ်ဌာနများမှ ကျောင်းအုပ်ကြီးများက အထွေထွေဆွေးနွေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စာစစ်ဌာန(၉၁)ခု ဖွင့်လှစ်သွားမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ကျောင်းသား၊ ကျောင်းသူ(၃၉၂၆၃)ဦး စာရင်းပေးသွင်းထားကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)