မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့တို့တွေ့ဆုံပွဲကျင်းပ

ရန်ကုန် မတ် ၁၄

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့တို့ တွေ့ဆုံပွဲအခမ်းအနားကို မတ်လ ၁၁ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ ပညာရေးတက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မော်မော်သန်းမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်က အမျိုးသမီးရေးရာလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးပြီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဒေါ်တင်တင်လတ်က မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်မှ နိဂုံးချုပ်စကား ပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနား ရပ်နားခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)