ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကလောမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်

ကလော မတ် ၁၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကလောတပ်နယ် စစ်ဦးစီးကျောင်းအုပ် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မတ်လ (၁၀)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲက ကလောမြို့မီးရထားဘူတာအနီး ကလောချောင်း မြေထိန်းနံရံဆောင်ရွက်ပြီးစီးနေမှုနှင့် စတီးလက်ရန်းတပ်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားပြီး ကလောဘူတာရုံအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကလောဘူတာယာဒ်ဝင်း Development ပြုလုပ်မည့်နေရာ၏ တည်နေရာပြ ကောင်းကင်မြေပုံကို မြန်မာမီးရထားတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းကြောင်းသိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့၊ မောမြေဦးပန်းခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ HIGHLAND  OASIS  COMPANY LIMITED တာဝန်ရှိသူတစ်ဦးမှ Kalaw Park ဆောင်ရွက်မည့်အစီအစဥ်များအား ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ကလောမြို့ရပ်ကွက်(၂)နှင့် ရပ်ကွက်(၃)ရှိ ကလောချောင်းအား သွားရောက်ကြည့်ရှုစစ်ဆေး၍ ရပ်ကွက်(၂)က လောချောင်းတံတား တည်ဆောက်နေမှုကိုကြည့်ရှုပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား ရေရှည်အတွက် အကောင်းဆုံးဆောင်ရွက်ပေးကြရန်နှင့် ကလောဒေသတွင် ထင်းရှူးပင်များ ထိန်းသိမ်းပေးကြရန် မှာကြားခဲ့သည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောအင်းပြင်ရှိရေထွက်မှ စည်ပင်သာယာရေးဌာနက ရေပေးဖြန့်ဖြူးပေးဝေနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)