ပေါင်မြို့နယ်တွင် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲပြုလုပ်

ပေါင် မတ် ၁၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာတွင် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာအုပ်စု၊ အင်ကြင်းကုန်းကျေးရွာနှင့် သထုံမြိုနယ် ရှမ်းစုကျေးရွာတို့အား ဆက်သွယ်ထားသည့် အင်ကြင်းကုန်း-ဒလပန်း- ရှမ်းစု ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့၊ နံနက်က အဆိုပါလမ်းသစ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲနိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ သထုံခရိုင်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းက စီမံကိန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကွန်ကရစ်လမ်းသစ်ကို တာဝန်ယူဆောက်လုပ်ပေးခဲ့သည့် လေးကေသား ကုမ္ပဏီမှ စီမံကိန်းအချက်အလက်များအား ကျေးရွာတာဝန်ခံထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး‌ အင်ကြင်းကုန်း‌ကျေးရွာနေ ပြည်သူတစ်ဦးက ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပေးခဲ့မှုအတွက် ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

ဆက်လက်၍ သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲနိုင်၊ နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်‌အောင်ဟိန်း၊ သထုံခရိုင်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးရဲမင်းနှင့် ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်တို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပါဝင်ဖျော်ဖြေပေးခဲ့သည့် အိုးစည်ဒိုးပတ်အဖွဲ့အား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်း၊ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ကြကာ ကွန်ကရစ်လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)