မူဆယ် မတ် ၁၃
မူဆယ်မြို့၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသူများအား အေရိုးဗစ်သင်တန်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ဦးဆောင်၍ မတ်လ (၁) ရက်နေ့မှစ၍ နေ့စဉ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းသူများအား အေရိုးဗစ်သင်တန်းဖွင့်လှစ်သင်ကြားနေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် တာဝန်ရှိဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကြည့်ရှု၍ သင်တန်းပြီး မြောက်သည်အထိ စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန် အားပေးစကား ပြောကြားသည်။
ထို့နောက် အေရိုးဗစ်သင်တန်းသူ (၅၀) ဦးကို အားဖြည့်အချိုရည်နှင့် အာဟာရမုန့်များ တိုက်ကျွေးသည်။ နွေရာသီအေရိုးဗစ်သင်တန်း ပြီးမြောက်ပါက သင်တန်းဆင်းလက်မှတ်များ အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြင့်မည်ဖြစ်ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)