မိုင်းနောင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မိုင်းနောင် မတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့ နံနက် (၁၀) နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပူပြင်းခြောက်သွေ့သော နွေရာသီအတွင်း မီးလောင်ဆုံးရှုံးမှုများမရှိစေရေးကို ကြိုတင်ကာကွယ်နိုင်ရန် စက်သုံးဆီရောင်းချနေသော ဆီဆိုင်များ၊ အစိုးရအဆောက်အအုံများ၊ လူနေအိမ်များ၊ ပွဲရုံများ၊ စျေးဆိုင်ခန်းများအတွင်း သွယ်တန်းထားသော မီးကြိုးများ၊ ခိုင်ခန့်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မီးလောင်လွယ်သော ပစ္စည်းများ သိုလှောင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ အရေးပေါ် အချိန်ကျရောက်လာပါက ဆောင်ရွက်ထားရှိရမည့် နည်းလမ်းများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့် မိုင်းနောင်နယ်မြေ မီးသတ်စခန်းမှတာဝန်ခံ လက်ထောက်ဦးစီးမှူး ကျော်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများပူးပေါင်းကာ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)