စဉ့်ကိုင်မြို့နယ်၌ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများ ဆောင်ရွက်

စဉ့်ကိုင် မတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်း မီးလောင်မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ မီး‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် သရုပ်ပြသခြင်းများကို မတ်လ (၁၁) ရက်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားကွင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။                    

ထို့‌သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက Gas မီးလောင်မှု ဖြစ်ပွားခြင်းအား မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်သရုပ်ပြခြင်းများ၊ Gas အိုးမီးလောင်မှုဖြစ်ပွားပါက အလွယ်တကူ မီးငြှိမ်းသတ်နိုင်သည့် နည်းစနစ်များ၊ စနစ်တကျသိုလှောင် ထားခြင်းမရှိသော လောင်စာဆီ သိုလှောင်ကန်များမှ မီးလောင်မှုဖြစ်ပွားခြင်းအား လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်းများ ‌ဆောင်ရွက်ခဲ့ပြီး အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများက ပြသကာ တက်ရောက်‌လာသူများနှင့်အတူ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)