လသာမြို့နယ် သိမ်ကြီးစျေး(ဃ)ရုံအတွင်း မသန့်ရှင်းသောရေနှင့် အစားအသောက်များမှတဆင့် ကူးစက်တတ်သော ရောဂါများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်

လသာ မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများ မသန့်ရှင်းသောရေနှင့် အစားအသောက်များမှတဆင့် ကူးစက်တတ်သော ရောဂါများ ကြိုတင် ကာကွယ်ရေးအတွက် သိမ်ကြီးစျေး(ဃ)ရုံအတွင်း လိုက်လံစစ်ဆေးစဥ်ဆက်မပြတ် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ်လ (၁၁) ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေး အသင်းအဖွဲ့များသည် သိမ်ကြီးစျေး(ဃ)ရုံအတွင်းရှိ အစားအသောက်ရောင်းချသည့် ဆိုင်များ၊ သားငါးနှင့် ဟင်းသီးဟင်းရွက် ရောင်းချသည့် စျေးဆိုင်များအား ကျန်းမာရေးနှင့် ညီညွတ်စွာ ရောင်းချခြင်းရှိမရှိ လိုက်လံစစ်ဆေးပြီး အစားအသောက်များ သန့်ရှင်းသပ်ရပ်စွာရောင်းချရန်၊ သန့်ရှင်းသောရေ အသုံးပြုကြရန်နှင့် ယင်နားမှုမရှိစေရေး အဖုံးအကာများ ထားရန်နှင့် ဈေးသည်နှင့် ဈေးဝယ်များအား အသည်းရောင်အသားဝါ (အေ) ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြပြီး အသည်းရောင်အသားဝါ (အေ) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်(ပြန်/ဆက်)