ပင်းတယမြို့၌ တပေါင်းလအဖိတ်နေ့ ရွှေဥမင်သဘာဝလိုဏ်ဂူ ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် ဆွမ်းတော်ကြီးလောင်းလှူခြင်းနှင့် တိုင်းရင်းသားများ နွှဲပျော်သနပ်ခါးပွဲတော် ကျင်းပ

ပင်းတယ မတ် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တပေါင်းလအဖိတ်နေ့၌ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့် ရွှေဥမင်သဘာဝလိုဏ်ဂူ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်တွင် ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားတောင်ခြေ၌ ဆွမ်းတော်ကြီး လောင်းလှူပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွမ်းတော်ကြီးလောင်းလှူပွဲအား ဒေသအတွင်းရှိ ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ပလောင်အစရှိသည့် တိုင်းရင်းသားလူမျိုးများနှင့် ရပ်နီး/ရပ်ဝေးမှ ဗုဒ္ဓဘာသာဝင် အလှူရှင်မိဘပြည်သူများက ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားတောင်ခြေရှိ စေတီပုထိုးတော်တွင် ဆွမ်း၊ ရေချမ်း၊ ခဲဖွယ်အစရှိသည်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနှင့် အဆိုပါဘုရားတ‌ပေါင်းပွဲတော်တွင် တိုင်းရင်းသားများ နွှဲပျော်သနပ်ခါးပွဲတော်၊ ဓနုဒေသထွက် MSME ထုတ်ကုန်ပစ္စည်းပြခန်းများ၊ ကလေးကစားစရာ‌နေရာများ၊ ဈေးဆိုင်ခန်းများပါဝင်ကြောင်း သိရပြီး၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဓနုဆုံဆည်းရာ အခမ်းအနားများကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် ပင်းတယမြို့သို့ ရပ်ဝေး/ရပ်နီးမှမှ ဘုရားဖူးဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)