ဟိုပုံး မတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကကြီးမှူး၍ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဖြင့်ပူးပေါင်းကာ ရှေးဦးပြုစုခြင်း အခြေခံ (၂/၂၀၂၅) သင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်ကစတင်ကာ ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းအား မတ်လ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ သုံးရက်တာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဒေါ်သင်းလဲ့ရီနှင့် သင်တန်းနည်းပြများက ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအတွေးအခေါ်များ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ဒဏ်ရာအမျိုးမျိုနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ မူးမေ့ခြင်းနှင့် သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများကိုက်ခြင်းနှင့် တုပ်ခြင်း၊ အရိုကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ရိုးဆက်ကြောနှင့် ကြွက်သားများထိခိုက်ဒဏ်ရာရခြင်း စသည့်တို့ကို ရှေးဦးပြုစုနည်း၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်း စသည့် အကြောင်းအရာများအား စာတွေ့/လက်တွေ့ သင်ကြားပေးလျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ (၃၅) ဦး တက်ရောက်သင်ကြားလျက်ရှိသည်။
ဟိုပုံးမြို့နယ် ရှေးဦးပြုစုခြင်းအခြေခံ (၂/၂၀၂၅) သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းအနေနှင့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်း လက်စွဲစာအုပ် (၁) အုပ်၊ ဗလာစာအုပ် (၁) အုပ်၊ ဘောပင် (၁) ချောင်း၊ သုံးထောင့်ပတ်တီး (၁) ခုနှုန်း ပေးအပ်ခဲ့ပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသူများအား ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)