သာစည်မြို့နယ် ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးစစ်ဆေးပြီး အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြုနည်းများ လက်တွေ့သရုပ်ပြသခြင်းများ ဆက်လက်ဆောင်ရွက်

သာစည် မတ် ၁၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးပြီး အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြုနည်းများ လက်တွေ့သရုပ်ပြသခြင်းများကို ယမန်နေ့က ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်ဝင်းနှင့်သန္ဓေတပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးပြီး မီးဘေးလုံခြုံရေးဆိုင်ရာအကြံပြုချက်များအား အသိပညာပေးဟောပြောခြင်း၊ အကြံပြုချက်များနှင့်မီးသတ်ဦးစီးဌာန၏ ဖုန်းနံပါတ်တို့ကို မြင်သာထင်ရှားအောင် ဆောင်ရွက်ထားရှိရန်၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးများပြည့်စုံစွာထားရှိရန်၊ မီးသတ်ဆေးဘူးအသုံးပြုနည်း လက်တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သာစည်မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် ရပ်ကွက်/ ကျေးရွာများကိုလည်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)