မိုင်းရယ်မြို့နယ် နားဟီးကျေးရွာတွင် ကုန်ထုတ်လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မိုင်းရယ် မတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နားဟီးကျေးရွာ ကုန်ထုတ်လမ်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအ‌ခြေအနေများကို တာဝန်ရှိသူများ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးနှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများက ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ နားဟီးကျေးရွာ၌ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လမ်းရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။

မိုင်းကောင်အုပ်စု၊ နားဟီးကျေးရွာ၌ (မြေ+သဲပြုန်း)အမျိုးအစား လမ်းအရှည် ၁ မိုင် ၂ ဖာလုံ အကျယ် ၁၂ ပေ အမြင့် ၉ လက်မ ဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၇၃ ဒသမ ၅ သန်းဖြင့် အောင်ကြီးစိုးကုမ္ပဏီက ၂၀၂၄ ခုနှစ် ဇူလိုင်လ တတိယပတ်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)