ဝမ်းတွင်း မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း (၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ်အထိ လျှပ်စစ်ဓာတ်အားခ ကြွေးကျန်မရှိစေရေး ကြိုးစားဆောင်ရွက်ခဲ့သော ကျေးရွာမီးလင်းရေးကော်မတီများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသိန်းထူးက ကျေးဇူးတင်အမှာစကားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာမီးလင်းရေးကော်မတီများအား တာဝန်ရှိပုဂ္ဂိုလ်များက ဂုဏ်ပြုမှတ်တမ်းလွှာများကိုအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျေးရွာမီးလင်းရေးကော်မတီများကိုယ်စား ကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ကျေးရွာမီးလင်းရေးကော်မတီများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသိန်းထူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာမီးလင်းရေးကော်မတီများ တက်ရောက်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)