မုဒုံ မတ် ၁၂
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မြန်မာ့သနပ်ခါးဆေးဖက်ဝင်အကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်သန်းက နှစ်စဥ်တပေါင်းလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့” အဖြစ်သတ်မှတ်ခဲ့ကြောင်း၊ မြန်မာ့သနပ်ခါးယဥ်ကျေးမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်စန်းက သနပ်ခါး၏ ဆေးဖက်ဝင်ပုံ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက လက်တွေ့သနပ်ခါးသွေးကာ သနပ်ခါးလိမ်းခြယ်၍ သရုပ်ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)