အင်းစိန်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများရှင်းလင်း

ရန်ကုန် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများရှင်းလင်းပွဲအခမ်းအနားကို မတ်လ (၁၁) ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှင်းလင်းပွဲတွင် အင်းစိန်မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်က အမှာစကားပြောကြားခဲ့ပြီး အင်းစိန်မြို့နယ် ဒုတိယဥပဒေအရာရှိ ဒေါ်ဇင်စုစုဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းယုက ပြည်သူ့စစ်မှုထမ်းကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်ဆက်)