ပုံပါကျင် မတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ၀န်ထမ်းများသည် စာဖတ်ဝိုင်းမှတစ်ဆင့်ဘ၀အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများရရှိရန်ရည်ရွယ်၍ စာရေးဆရာခင်မောင်ညို(ဘောဂဗေဒ)(ဘာသာပြန်)ရေးသားသည့် "ဘ၀တစ်လျှောက်အောင်မြင်ပျော်ရွှင်နည်း'' စာအုပ်ကို ယနေ့ နံနက်(၁၀)နာရီက ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ(Book Club)ဥက္ကဋ္ဌ ဦးထွန်းလင်းက "အပြစ်မတင်ဘဲအလုပ်ဖြစ်အောင်လုပ်ပါ" ဦးစွာဖတ်ကြားဆွေးနွေးခဲ့ပြီး (Book Club)အဖွဲ့ဝင်များက "မမုန်းအောင်ဝေဖန်နည်း" "ငြီးငွေ့မှုကိုကုစားနည်း " စသည့် ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့ခေတ်လူငယ်များအတွက် စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်၊ စာအုပ်စာပေဝါသနာရှင်များစုစည်း၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းကိုဖွဲ့စည်းကာ စာဖတ်ဝိုင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အိအိဖြိုး(ပြန်/ဆက်)